ဆီဆိုင်မှာ တိုက်ပွဲတွေ ဆက်လက်ဖြစ်ပွားနေ - BBC NEWS မြန်မာ

၂၀၂၄ ခုနှစ်၊ ဇန်နဝါရီလ ၂၆ ရက် ဘီဘီစီ မြန်မာတီဗီ အစီအစဉ် - ဆီဆိုင်မြို့မှာ စစ်ကောင်စီတပ်၊ ပအို့ဝ် ပြည်သူ့စစ်တွေနဲ့ ပအို့ဝ် လွတ်မြောက်ရေး တပ် PNLA၊ KNDF နဲ့ PDF ပူးပေါင်း တပ်ဖွဲ့တွေ အကြား တိုက်ပွဲတွေ ဆက်လက်ဖြစ်ပွားနေပါတယ်။ မြို့ကို ပြည်လည်ထိန်းချုပ်ဖို့ စစ်ကောင်စီဘက် ထိုးစစ်ဆင်နေတယ်လို့ PNLA က သတင်းထုတ်ပြန်။ - ရှမ်းမြောက်မှာ စစ်ရေး၊ အုပ်ချုပ်ရေး ကို ထိန်းချုပ်ထားတဲ့ ဝ ခေါင်းဆောင်တွေနဲ့ ကိုးကန့် ခေါင်းဆောင်တွေ ပန်ဆန်းမြို့မှာ တွေ့ဆုံခဲ့ကြပါတယ်။ ဒီနှစ်ဖွဲ့ ရဲ့ ခေါင်းဆောင်တွေ တွေ့ဆုံမှုက ဘယ်လို သဘော ဆောင်ပါသလဲ။ - တောင်အာဖရိက နိုင်ငံက အိုင်စီဂျေ တရားရုံးမှာ လူမျိုးတုံး သတ်ဖြတ်မှုတွေနဲ့ အစ္စရေးကို တရားစွဲဆိုထားတဲ့အမှုမှာ၊ ပါလက်စတိုင်းတွေ သတ်ဖြတ်ခံရမှုတွေကို အစ္စရေးက တားဆီးပေးရမယ်ဆိုပြီး တရားရုံးက အမိန့်ချမှတ်လိုက်တဲ့ သတင်းတွေကို တင်ဆက်ပေးထားပါတယ်။ #ဘီဘီစီမြန်မာပိုင်း
Back to Top